Monday, September 6, 2010

တိတ်တခိုး..ငေး

သူ့အရိပ်နောက်..တကောက်ကောက်
ချစ်ဒီဂရီတွေ....လှိုင်းထ
တစ်နေ့တစ်ခါ..မရိုးတဲ့အပြုံး
ငေးငေးပြီ......ကြွေ
တွေးတွေးပြီ.....နေ
အာရုံက..သူမှသူ။
စွဲမက်ဖွယ်အလှ...
တိမ်ရှင်းလလို....(ငါ့)ရင်မှာ
သူ့ပုံရိပ်နဲ့...သာလင်းနေတယ်။
ချစ်စကားကို..မျက်ဝန်းမှာဆို
အချစ်က..စစ်မဟုတ်ပါ
အချစ်က...မြစ်လိုမကွေ့ကောက်
စံပယ်လို...အချစ်စစ်နဲ့
ခရေလို...မင်းနင်းခြွေရင်လည်း
ရနံ့မပြယ်တဲ့...အချစ်နဲ့
စွယ်တော်လို...နှစ်လွာနီးဖို့
မျော်လင့်ချင်းတွေ..တနင့်နပိုးနဲ့
အိပ်ပျက်ည..အိပ်မက်ညတွေ..သက်သေပြု
စိတ်ကူးတိုင်းလှရင်...
အသက်ရှင်ရကိုးနပ်တယ်..။
မင်းသျှင်

No comments:

Post a Comment

ရင်ဖွင့်ဥယျာဉ်