Monday, September 6, 2010

ချစ်ခြင်းရဲ့...အဆိပ်သင့်..အလွမ်း

ဝေဒနာတွေကို..အသေချာကြည့်တော့
မိုးခေါင်ရပ်ဝန်းလို အပူလှိုင်းတွေကြွ
ဘယ်ဘဝရဲ့ အငြိုးနဲ့ ပြိုလိုက်တဲ့မိုး
လေကြီး..မိုးကြီး
လျှပ်စီးလျှပ်လို့ အတိတ်ကအရိပ်
လင်းခနဲ တစွေခြောက်သလို......
မြူတွေက တဝဲဝဲ
နှင်းမှုံတွေကြား အထီးကျန်ခြင်းကိုခြုံလို့
ဆောင်းခါးအိပ်မက်တွေနဲ့ ...ကယောက်ကချား
....ချစ်သူလက်တစ်ဖက်မှာ..အခြားအရိပ်ခိုနားလို့ ........
နေဝင်ချိန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
အရာရာပြီးဆုံးခဲ့ပြီးလား
မျော်လင့်ချင်းတွေ..တံခါးပိတ်ပြီ
ခံပြင်းစိတ်ကို ပွဲထုတ်ချင်လည်း
ကိုယ်ရွေးတဲ့အဆိပ်ခွက် ကိုယ်ဒဏ်ကိုယ်ပိလို့
မာယာတွေအောက်..အရူးလုံးလုံးဖြစ်ခဲ့ပြီ
ဝဋ်ကြွေးရှိလို့ ဒဏ်ရာတွေသေရာပါမယ်ဆိုလည်း
...ဝူး......
ဒီအလွမ်းတွေနားထောင်ဖို့ ငါနားတွေကန်းနေရင်ကောင်းမယ်...။
မင်းသျှင်

No comments:

Post a Comment

ရင်ဖွင့်ဥယျာဉ်