Sunday, December 1, 2013
အပြာရောင်လမ်းရဲ့  အစိမ်းရောင်ပန်းခင်းကြီးမှာ ကဗျာရေးချင်မိတယ် ”
ခြေတစ်လှမ်းပြီး တစ်လှမ်း အတွေးသစ်ကိုကောက်တယ်
မျော်လင့်ခြင်းမြစ်ဟာ စိတ်ကူးလှေနဲ့  ရွက်လွှင့်နေတယ်။
ဂျာနယ်ကို ကိုင်ကြည့်ရင် ဆန္ဒပြချင်တယ်၊ အရွယ်မရောက်သေးတဲ့ သမီးငယ်လေးကို စိတ်မချဘူး
အင်တာနက်ပေါ်တက်တော့ အပျိုဖြန်းသမီးလေး ကို စိုးရိမ်မိတယ်
ခေတ်ဆိုတာ စနစ်ကျမှ လှတာ။
လူဆိုတာကို ချဉ်းကပ်ရင် အပူလှိုင်းက ဟပ်မယ်
အပူရုပ်နဲ့  ဘီလူးက ကတက်တော့
မိဘမဲ့ ကလေးတွေ ငိုသံ မစဲဘူး။
ကာလာနဲ့  ဘာသာ အခင်းအကျင်းမှာ
အမျိုးသားရေးစိတ်ဓါတ် နှလုံးသားလှဖို့  လိုတယ်။
ကျွန်တော်တို့ ခုတ်ခဲ့တဲ့ သစ်ပင် ကျွန်တော်တို့ ပြန်စိုက်ရမယ် ၊ ထိန်းသိမ်းရမယ် ၊
သစ်ပင်တစ်ပင် ရဲ့ တန်းဖိုးကို သစ်ပင်စိုက်တဲ့သူက နားလည်တယ်
ဥတု က သရုပ်ပြတယ်
ခုတ်တဲ့သူက ငွေကြေးနဲ့  ကန့် လန့် ခါ ချတယ်။
ပြောင်းလဲခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ပြောင်းလဲခြင်းရဲ့  သရုပ်
မပြောင်းလဲသေးတဲ့ ဟန်
ပြောင်းလဲခြင်းရဲ့  ဘေးထွက်ဆိုးကျိုးစရိုက်
ပြောင်းလဲခြင်းကို စိန်ခေါ်တယ်။
ပုံစံခွက်ကျခဲ့တဲ့ အရိပ်ဆိုးတွေ အတိတ်တစ္ဆေကြောက်လို့ 
ကျွန်တော်တို့ အတွက် အားကိုးလောက်တဲ့ အားဆေးတစ်ခွက်တော့ လိုတယ်။
အချိန်မှီခဲ့ရင်...
အပြာရောင်လမ်းရဲ့  အစိမ်းရောင်ပန်းခင်းကြီးမှာ
ကဗျာတစ်ပုဒ်လောက် ရေးချင်မိတယ်။
မင်းသျှင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ရင်ဖွင့်ဥယျာဉ်