မိန်းမသား ဘာသာအတိုင်း
ဒီကောင်းကင်ကြီးမှာ
လမင်းကို အသာငေးကြည့် နေတဲ့ ကြယ်ပွင့်လေးပါ.။
ထမ်းပိုးထားတဲ့ သမုဒ္ဒရာတွေရယ်..
လက်ဖဝါးကြမ်းကြမ်းတစ်စုံရယ်.
မပြီးဆုံးသေးတဲ့ ရည်မှန်းချက်တွေနဲ့ 
နှလုံးသားတစ်စုံ ကို မြင်နေရပေမယ့်လည်း..
ငါ့ပင်လယ်က လှိုင်းတွေ ဒီကမ်းကို မကပ်နိုင်သေးဘူး..။
ပန်းဆိုတာ ပွင့်မှလှတာ
နှလုံးသားဆိုတာ အချစ်ရှိမှ ပြည့်စုံတာ
မင်းရင်ဘတ်က အချစ်တွေ စာစီပြပါ
အချစ် ..အဂျစ် ..အခြစ်...
စကားလုံးတွေက
မပြောတာကြာ.
မရေးတာကြာလို့ ..
အသံထွက်မပီချင် ..
စာလုံးပေါင်း မမှန်ချင်တော့ဘူး.
ရင်ကို ရင်နဲ့ပြီး
အချစ်ကို အချစ် နဲ့ တည်တဲ့ အချစ်အိမ်လေးဖွဲ့ 
စိတ်ကူးယဉ်တိမ်တိုက် တွေ ကို အားကျချင်လိုက်တာ
စိတ်ကူးနဲ့ လက်တွေ့ 
အချစ်နဲ့ ဘဝ
ကျောနဲ့ ရင်လို
ဆန်ကျင် ဘတ်အရပ်ဆီမှာ
အချစ်နဲ့ စားလို့ မရသလို
အချစ်နဲ့ အိပ်လို့ မရပါဘူး.
အချစ်တစ်ခုတည်းနဲ့ တော့ ဘဝလမ်းက
လေဒဏ် မိုးဒဏ်တွေ ပြင်းလွန်းပါတယ်.။
ကျောပူတာကို ခံနိုင်ပေမယ့်
ရင်ပူတာကို မခံနိုင်လို့ ပါ
တစ်ဘဝစာမဟုတ်တောင် တခဏ
ဒီရင်ဘတ်မှာ သိမ်းထားချင်တယ်.။
ို
ရန်ခုန်သံက အပျော်ဖတ်ဝတ္တုမဟုတ်သလို
အပျင်းပြေ ဆိုရုံလောက်နဲ့  ငါရင်ဘတ်ထဲကို ဝင်မကြည့်လိုက်ပါနဲ့ ။
ဇာတ်လမ်းထဲက ရွှေမင်းသားလည်း မဟုတ်ပါဘူး
ဒီလမ်းတွေ က မစိမ်းလန်းသေးဘူး
ဒီရာသီက မငြိမ်မသက်နဲ့ 
နေဝင်ချိန်လမ်းတွေ ပေါ်မှာ
ငါ ....
ဟို သီချင်းကို ခပ်ဖွဖွ ရွတ်ဆိုမိတယ်.။
........".မလာပါနဲ့"..............။
အချစ်စစ်ပွဲမှာ အချစ်ကြီးသူသာ ရှုံးနိမ့် ရစမြဲဆိုရင်
တောင်စွယ်နေကွယ်မှာ နှလုံးသားကို မစတေးရက်ဘူး
အလွမ်းမြို့ ကြီးပဲ တည်လိုက်မယ်.။
မင်းသျှင် + ဆောင်းဦး
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ရှိတဲ့ ဘုရင်ဟာ တိုင်ပြည်ရဲ့ အုပ်ချုပ်မှု့ကို အလေးမထားပဲ.
ပျော်ပါးနေလေရဲ့.။တိုင်းပြည်မှာလည်း ဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ်.။
တစ်နေ့မှာတော့ ဘုရင်ကြီးက ထူးထူးဆန်းဆန်း
"ဘဝဆိုတာဘာလဲ " ဒီ့ အဓိပွါယ် ကိုအရမ်း သိချင်နေမိတယ်.
"ဘဝဆိုတာ....??????"
"ဘဝဆိုတာ......??????
မှူးမတ်တွေ ကိုမေးတော်မှုလေသည် ။မှူးမတ်တွေ.ကလည်း တိကျတဲ့အဖြေကို မပေးနိုင်ခဲ့ပေ။
နောက်ဆုံး မှူးမတ်တွေ စုပေါင်းတိုင်ပင်ပြီး.
သက်တော်ရှည်အမတ် ကဗျာဆရာကြီးအား မေးမြန်းခဲ့တယ်.။။
ကဗျာဆရာကြီးက ဘုရင်ကြီးကို ဒီအဖြေပေးဖို့  အချိန်တစ်ပတ်တောင်း ခဲ့တယ်.။
ဒီလိုနဲ့ ကဗျာဆရာကြီးက တိုင်ပြည့်မှာရှိတဲ့ ကဗျာဆရာတွေကို ပင့်ဖိတ်ပြီး
ဘဝဆိုတာ ခေါင်စဉ်နဲ့ ကဗျာရေးစေခဲ့တယ်..။
ကဗျာဆရာတွေက ဘဝဆိုတာကို သူတို့ကြုံတွေ့ရတဲ့ ဘဝ..၊
ဖြတ်သန်းရတဲ့ လူနေမှု့စရိုက်ပေါ်မှာ မှုတည်ပြီး အမျိုးမျိုးစပ်ဆိုကြတယ်.။
တစ်ပတ်ပြည့်တဲ့ ညီလာခံမှာ ဘုရင်ကြီးက ..
"ကဲ မောင်မင်းကဗျာဆရာ ဘဝဆိုတာ ဘာလဲ လျောက်တင်တော်မှုပါ..။"
ကဗျာဆရာကြီး အား မေးတော်မှူလေသည်။
ဒီအချိန်မှာ ကဗျာဆရာကြီးက ကဗျာဆရာအသီးသီးရေးစပ် ထားတဲ့ ကဗျာ တွေ ကို ဘုရင်ကြီးကို ပေးလိုက်တယ်တဲ့..
အဲဒါ ဘဝဆိုတာတွေပါ လို့ လျောက်တင်လေတယ်..။
ဘုရင်ကြီးက ကဗျာတွေကိုဖတ်ပြီး အလေးနက်စဉ်စားတော်မှုတယ်.။
အော်..ဘဝဆိုတာ ပင်လယ်၊တောနက် ၊ပန်ချီး။ကောင်းကင်၊ပျော်ရွှင်ခြင်း၊ပူပင်သောက..အမျိုးမျိုး ဖွင့်ဆိုကြတာပဲ..။
ဟုတ်ပါတယ်..အရှင်မင်းကြီး" ဘဝဆိုတာ လူတစ်ဦးတစ်ယောက်ကြုံတွေ့ ဖြတ်သန်းရတဲ့အနေထားပေါ်မှာ မှုတည်ပြီးပြောင်းလဲနေပါတယ်.။"
အိမ်း...ငါက ငါကျင်လည်နေတဲ့ နန်းတော်တစ်ဝိုက်လို့ ထင်ခဲ့မိတာ.။ ငါဘဝ ကျဉ်းကျဉ်းလေးပါပဲလား..။
အပြင်လောက မှာ အမျိုးမျိုးသော ဘဝတွေနဲ့..ဖြတ်သန်းနေကြတယ်.။ငါကိုယ်တော် အလေးနက် မထားခဲ့မိဘူး.
အဲဒီဘဝတွေထဲ .မှာ.ပျော်ရွှင်တဲ့လူတွေရှိသလို.ဒုက္ခတွေနဲ့ ကျင်လည်နေတဲ့သူတွေကလည်းအများ..သား
ရရှိတဲ့ဘဝ ခဏတာလေးမှာ. ဒါတွေကိုတစ်ယောက်နဲ့တစ်ယောက်ဖေးမကူ.၊.ကူညီရိုင်းပင်စေချင်တယ်..။
ဘုရင်ကြီးကအမြင်မှန်ရပြီး..အခုလိုမိန့်တော်မှုလေသတဲ့..
"ဘဝထဲမှာ..ပျော်ရွှင်ခြင်းတွေအမြဲ မရှိနိုင်တော့ ဒုက္ခတွေကို လက်တွေ့ရင်ဆိုင်ပြီး အားအင်တစ်ခုလိုသုံးပြီ ဖြတ်သန်းပါလေ.။"
ဲ"ဘဝထဲမှာ မမှားဖူးတဲ့သူမရှိသလို့ ပဲ အမှားကိုပြင်ပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါလေ.။"
"တစ်ဦးနဲ့တစ်ဦးပေါ်အကောင်းမြင် စိတ်လေးထားပြီး ပြောဆိုဆက်ဆံပါလေ.။"
"ကိုယ်ကသူတစ်ပါးကိုပြောတဲ့စကား ဟာ သူတစ်ပါးက ကိုယ့်ကို ပြောတဲ့အခါ ကိုယ်ရောဘယ်လိုခံစားရမလဲ....သတိမှု့ပြောဆိုပါလေ..။"
"ငါလို ဘုရင်တောင် အမှားနဲ့မကင်း အပူမီးနဲ့မလွတ်ပါလေ.။ ဒါကြောင့်
"သူလည်းဘဝတစ်ခုကို ဖြတ်သန်းနေရပြီး..ကိုယ်လည်း ဘဝတစ်ခုကို ဖြတ်သန်းနေရတဲ့ အခိုက်တန့်လေးမှာ"
"တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပါလေ... " ဟုမိန့်တော်မှုပြီး ညီလာခံကို ရုတ်သိမ်းတော်မှုလေသတည်း..။
"ပုံပြင်လေးကတော့ ဒါပါပဲ ရွှေက သူငယ်ချင်းတို့ရေ...."
ကျွန်တော်တို့လည်း..ဘဝထဲမှာနေထိုင်ကြပြီး.ဘဝဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေကြတော့...
ပျော်ရွှင်ခြင်း ၊ပူပင်သောကတွေနဲ့ မလွတ်ကင်းလေပါ ..
အရာအားလုံး.... လိုက်လျောညီထွေ မှု့ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
"ပုံပြင်လေးရဲ့ အနှစ်သာရကို ခံစား ရရှိပါစေ..။"