Tuesday, January 7, 2014
တောင်းတာတွေကြောင့် ပြောင်းသွားမှာစိုးတယ်
လူရာဝင်ဖို့  ငွေးကြေးက အမြဲတမ်း
ပွဲ ထွက် စာရင်းမှာပါတယ်။
(မင်းသျှင်)
'ဒီနေ့  စလုံးက သူငယ်ချင်းက သူညီမကို ပေးဖို့  လက်ဆောင်ပစ္စည်း ပို့ လိုက်တာ သွားထုတ်ရအုံးမယ်"
လို့  လင်းဦး စဉ်းစားနေမိတယ်။
ဒီနေ့ ရုံးနေ့ တ၀က် နားပြီး သွားထုတ်ရင် ကောင်းမယ်။မနက်ဖြန်ဆို ရုံးပိတ်ရက် ၂ရက်ခံနေပြီး။
လက်ထဲမှာ ပိုက်ဆံက လည်း ပြန်ဖို့  လမ်းစရိတ် ၂၀၀ပဲ ရှိတယ်။ဒါက တော့ ပုံမှန်ဖြစ်နေကျ သိပ်တော့ပြဿနာ မရှိဘူး။
လစာက တစ်လစာအတွက် နင်လား ငါလား လို့  တောင်မမေးရဲဘူး။
တလ တလ အဆောင်စရိတ် ထမင်းဖိုး နဲ့ရုံးသွား ရုံးပြန်စရိတ် ကို ဒီလို ပဲ အဆင်ပြေ အောင်သုံးနေရတယ်။
အင်း ပစ္စည်းသွားထုတ်ရင် ပိုက်ဆံ ပေးရမလားမသိဘူး။
သူငယ်ချင်းကတော့ ပြောတယ်
သွားထုတ်ယုံပဲ ပိုက်ဆံ ပေးစရာမလို့  ဘူး။ဟိုဘတ်မှာ အကုန်ပေးပြီးသားဆိုပဲ။
ဒီလို့ နဲ့ စာတိုက် မှာ မှတ်ပုံတင်ပြ ပြီးထုတ်တော့ ရောက်နေပြီး။ကောင်တာ မှာ ထုတ်ထားတဲ့ ပါဆယ်ကို ပြတယ်။ဟို ဘတ်မှာ အဆင့်သင် လုံခြုံအောင် ထုပ်ထားတဲ့ပါဆယ်ထုပ်ကို ဖြေပြတယ်။ပစ္စည်းစုံ ရဲ့ လား တဲ့။
ကို ကလည်း ဘာပါလို့ လာမှန်းမသိတော့ ဟုတ်ကဲ့ ပဲ ပြောလိုက်ရတယ်။ဘာလို များ ပစ္စည်းတွေ ကို ဖောက်ထုတ်ပြီး
တစ်ခု ချင်း ထုတ်ရတာလဲ မသိဘူးလို့ စဉ်စားနေမိတယ်။ဟိုဘတ်မှာ တစ်ခါ တည်း ထုပ်ပြီး ပို့လိုက် တဲ့ ဟာပဲ။
အော် သူတိုလည်း သူတို့ တာဝန်အရ ပစ္စည်း အရေတွက် မှန်လားဆိုတာ ထုတ်ပြတာပဲ လေ လို့ ပဲ တွေးလိုက်တယ်။.
ထိန်းသိမ်းစောင့်ရှောက်ခပေးရမယ်နော်။
"ဗျာ"
ရင်ဘတ်ထဲကို အလုံးကြီး တက်သွားသလို့ ပဲ ခံစားရတယိ။ပိုက်ဆံမပါလာဘူး ဒုက္ဖ ပဲ။
ဟို ဘတ်က အကုန်ပေးပြီး ပြီးလို့ ပြောတယ် ဗျ။အဲဒါကြောင့် ကျနော်မှာ ပိုက်ဆံ အပို မပါလာဘူးဗျ။
"မရဘူးညီလေးရ ။ဒါမြန်မာပြည် ဘာမှအလကားမရဘူး။"
ကောင်တာ လူကြီး ပြောတယ်။
ဟူး ရှက်တောင်ရှက်တယ် လူတွေ က ၀ိုင်းကြည့်နေတာ။မရှိမဲ့ ရှိမဲ့ အရှက်တော့ ကွဲ ပါပြီး။
ဒါတောင် ကောင်တာ လူကြီးက ထပ်ပြော လိုက်သေးတယ်။ညီလေး ရဲ့ သူငယ်ချင်းကို ပြောလိုက် ဒါမြန်မာပြည့် လို့ ဘာမှ အလကားမရဘူး တဲ့
ကောင်းရော .။
တနလာင်္ နေ့ မှ ပဲ လာ ထုတ်တော့မယ့် ။ဒီလိုနဲ့ အိတ်ထဲ က ကားခ ပိုက်ဆံ ကို အသာစမ်းကြည့် ပြီး ကားဂိတ်ဆီ ကို ထွက်လာခဲ့တယ်။
"မောင်လေးရယ် ပိုက်ဆံ ရှိရင် အမ ကို ပိုက်ဆံ ၂၀၀ လောက်ပေးခဲ့ ပါနော်
အမ ပိုက်ဆံ ကားပိုက်နှိုက်ခံ ရလို့ ကားခ မရှိတော့ လို့ ပါ ကွယ်."
ငိုမဲ့ မဲ့ မျက်နှာ လေးနဲ့ အသက်အရွယ်က ၃၅နှစ် ကျော်လောက် အဒေါ်ကြီးတစ်ယောက် ပိုက်ဆံ လာတောင်းနေတာ။ပုံစံ ကတော့ သနားစရာ
ကိုယ်မှာ ပါတဲ့ ကားခ ၂၀၀ ကျပ် ကို အသာစမ်းကြည့်မိပြန်တယ်။ အင်း ငါပေးလိုက် ရင်လည်း ငါလည်းသူလို့ လိုက်တောင်းနေရအုံးမယ်။
အင်း ကိုယ်မှာက ကားခ ၂၀၀ ပဲ ကျန်တယ် ။အပို မပါလာဘူး။
အမ ရယ် ကျနော် မှာ လည်း အပို မပါလာလို့ ပါဗျာ လို့ ပြောပြီး လျောက်လာခဲ့တယ်။ ရင်ထဲ မှာ တော့ မကောင်းဘူး။သူက မိန်းမသားတစ်ယောက်ပဲ
ပိုက် ဆံ တောင်းလို့ မရရင် အချိန်ကြာလာလို့  ကားခ မရှိရင် ဘယ်လို ပြန်မလဲ ဘယ်လို နေမလဲ ရန်ကုန်မြို့ ထဲ မှာ လူပေါင်းစုံ နဲ့ ဆိုတဲ့ အတွေးတွေ ၀င်လာခဲ့တယ်။
ဘယ်လို ကူညီ ရမလဲ အပူပြင်းစဉ်စားလိုက်တော့ ဟာ ဟုတ်ပြီ ဒီချိန်ဆို နေလင်း ရုံးမှာ ပဲ ရှိအုံးမယ် သူဆီကို ဖုန်းဆက်ပြီးအကူညီတောင်းလို့ ရတာပဲ။
အိတ်ထဲ က ပိုက်ဆံ ၂၀၀ကျပ်ကို ထုတ်ပြီ စောနက အဒေါ်ကြီး ဆီလျောက် လာခဲ့တယ်။မှတ်တိုင်မှာ ရပ်နေတဲ့ အဒေါ်ဆီကို
"အမ ကားခရသွားပြီးလားဟင်"
ရှင်
သူက ကြောင်ကြောင်တောင်တောင်နဲ့ ကျနော်ကို ပြန် ကြည့် တယ် ။ပြီး မှ အော် မရသေးပါဘူး မောင်လေးရယ်တဲ့ ကျနော် လည်း နောက်ဆုံးလက်ကျန် ကားခ ၂၀၀ကျပ်ကို အဒေါ်ကြီး ကို ပေးလိုက်တယ်
ကျနော် လည်း ၇ှိလို ပေးတာမဟုတ်ဘူး အဒေါ်ကြီး အပြန်ဒုက္ဖ ရောက်မှာစိုးလို့ ပေးတာပါ။
ဟူး သူအတွက်တော့ ပြီးသွားပြီး နေလင်းဆီ ဖုန်းဆက်အုံးမှ(ပြောမယ်ဆို လည်းပြောချင်စရာ ဖုန်းတစ်လုံးတောင်ပိုင်ပြီး ကားခ ၂၀၀တောင် မရှိပါလားဆိုတာ ရတဲ့ လစာက
အဆောင်စရိတ် ထမင်းဖိုး နဲ့ရုံးသွာ ရုံးပြန်စရိတ် ပိုလျှံတယ်မရှိဘူး ဒါတောင် သူများဆီ ကြိုတင်ချေးငှားနေရတဲ့ ဘ၀.
ဖုန်းတောင် အလုပ် က အရစ်ကျ ပိုက် ဆံ သွင်းပြီး ၀ယ်ရထားရတာ။)
ဟာ ဒုက္ဖ ပဲ ဖုန်းက လည်း ဆက်သွယ်မှုဧရိယာ ပြင်ပ ဆိုတာချည်းပဲ
ဖုန်းတွေ က တစ်ခါ တစ်ခါ ညာတက်တယ် ဘေးနားမှာ ရှိပြီးတော့ လည်း ဧရိယာ ပြင်ပ လုပ်တက်တာပဲ
ဒီလိုနဲ့ ၇ခါ၈ခါလောက် ခေါ်ပြီးတော့ ဖုန်းဝင်သွားတယ်
"ဟလို နေလင်း လား ငါ လင်းဥိးပါ "အကျိုးအကြောင်း ရှင်းပြလိုက်တော့
"အေး သူငယ်ချင်း ငါအခု အစည်ဝေး ခန်းထဲ မှာ ရောက်နေတယ် နောက်တစ်နာရီလေောက်ဆို အားပြီး ငါလာခဲ့မယ်
မင်း မဟာဗန္နလပန်းခြံ ရှေ့ မှာ စောင့်နေ နော်။"
ဒီလို နဲ့ ပန်ခြံရှေ့ မှာ ရပ်စောင့်နေခဲ့တယ်။အိမ်ပြန် ရင် တော့ မနက်က ချက်ထားတဲ့ ချဉ်ပေါင်ရွက် ဟင်းချိုကို ပြန်နွေးပြီး
ကျန်တဲ့ ကြက်ဥတစ်လုံးကြော်လိုက်ရင်တော့ ညစာတော့ အဆင်ပြေပြီး။
ဘ၀ ဘ၀ ပိုက်ဆံ ၇ှာရတာ ဘာကြောင့် များဒီလောက်ခက်ရတာလဲ
ရှိတဲ့ သူများတော့ ပိုလျှံ လို့  မရှိတဲ့ သူများ တော့ ၂၀၀ တောင် ခက်ခက်ခဲခဲ ။မညီမျှလိုက်နော် ။
အင်း စိတ်ထဲ က လည်း ဘာတွေ တွေးနေမိပြန်လည်းမသိပါဘူး။ကိုယ်ဘာသာ ညည်းညူးမိတယ်။
ဂွီးးး ဂွီးးး ဂွီးးး
ဟာ ဒုက္ခပဲ အရေအကြောင်း ဒိန်းဒေါင်း ဖျက်ပြီး ဆိုတာကို ပြန်ပြင်ပြောရမယ်ဆို ရင်
အရေးကြောင်းဆို ဗိုက်က ရစ်ပြီ နာလာတယ်
အိမ်သာတက်ချင်လာတယ်။အဲဒါမှ ပြဿနာ အကြီးကြီးတက်တာပဲ
အိမ်သာတက်ရင် ပိုက်ဆံ ၁၀၀ကျပ်ပေးရမယ်။
စာတိုက် က လူကြီးပြောတာကို ပြန်သတိရမိတယ်။ညီလေး ဒါမြန်မာပြည်ကွ ဘာမှ အလကားမရဘူး
ဟူး စိတ်ကို အတည်ငြိမ်ဆုံဖြစ်အောင် ထိန်းလိုက်တယ်
အာရုံပြောင်းမှ ဖြစ်မယ် ဒါမှ ကိစ္စက အနစ္စ မရှိမှ ဖြစ်မယ်
ဘာပြောင်းရမလဲ...
အားးးးးးး
မခံ နိုင်တော့ပါလား...
ကယ်ပါ....ဟူး ဒုက္ခပဲ
အရှက်တွေ တော့ ကွဲ တော့ မလားမသိဘူး
အိမ်သာ ဆီကိုပြေးပြီး တောင်းပန်ပြီး တက်ရင် ကောင်မလား
တက်ခ က ၁၀၀တောင်ပေးရမှာ
အားကို ပြန်တင်း လိုက် အဲ မဟုတ်သေးဘူး စိတ်ကို လျော့ ရမယ် ယောက်ယှက် ခတ်နေမိတယ်။
ချွေးတွေ ပြန်လို့ 
ဟူးးးး
လိပ်ဖြစ်တာ တောင် ခေါင်းမပြူ ရဲ တဲ့ ဘ၀ ပါလားနော်.
အဲဒီချိန်မှာ ပဲ ဟေ့ရောင် လင်းဦး ဘာဖြစ်နေတာလဲ
ကြည့် လိုက် တော့ ကယ်တင် ရှင် နေလင်း ရောက် လာတယ်
ဘာမှမပြောနဲ့ ငါကို ပိုက်ဆံ ၁၀၀အရင်းပေး ဆိုပြီး သူဆီက ယူပြီ အပြေးနှင်းရတော့ တယ်
တော်ပါသေးတယ် လူကရှင်းနေလို့ .
ကိစ္စက အနိစ္စဖြစ်သွားတော့ ပေါ့ပါလွတ်လပ်စွာဖြစ် လျောက်လာခဲ့တယ်။
"ဘယ်လို တွေ ဖြစ်နေတာလဲ မင်းကြည့် ရတာ ယောက်ယှက်ခတ်နေတာ ပဲ"
နေလင်းက ကျနော် အဖြစ်ကို မေးတယ်။
ဒီလို သူငယ်ချင်းရ ဆိုပြီး ဇာတ်ကြော ကို အသာပြောပြလိုက်တော့
သူရယ်တော့တာပဲ
ဟာားဟားး ဖြစ်မှဖြစ်ရလေကွာ..
မင်းမရယ် နဲ့ ငါမှ ခြေမကိုင်မိ လက်မကိုင် နဲ့ ဘာမှ လုပ်လို့ မရဘူး
အော်ခေါ်ပြီး အကူညီတောင်းလို့ လည်းမရဘူး..
ဟား ဟား..
ဟား ဟားး
အခု သံပြိုင် နှစ်ယောက် ရယ်မိတယ်.အခု မှ ပဲ ရယ်နိုင်တော့ တယ်။
"အကို ကြီးတို့ ရယ် အမ ကို ကားခ လေး၂၀၀လောက်ပေးပါနော်
အမ ပိုက်ဆံ ခါပိုက်နှိုက်ခံ ရလို့  လမ်စရိတ် မရှိတော့ ပါကွယ်"
နေလင်း ဘေးက နေ အမျိုးသမီး တစ်ယောက် ပိုက် ဆံ တောင်းနေတယ် ကျွန်တော့ ကြည့်လိုက်တော့
"ဟာ! အမ ခု န ကျနော် ၂၀၀ ပေးလိုက် တယ် အဲဒါပျောက်သွားလို့  လား" လို့ ပြောလိုက်တော့
ဘာမှ မပြောပဲ တစ်ခါ တည်း အပြေးထွက် သွားတယ်။
လင်းဦး မင်းသူကို သိလို့ လား
သိတာပေါ့ ကွ ငါ မှာ ကားခကျန်တဲ့ ၂၀၀ ကို သူကို ပေးလိုက်တာ
သူက မိန်းမသားဖြစ်နေလို့  ငါမှာ အကူညီ မင်း၇ှိသေးတယ် ဆို ပြီး သူကို ငါရဲ့ လက်ကျန်ကားခကို သူကို ပေးလိုက်တာပေါ့ ကွ
အင်း လင်းဦး လင်းဦး မင်းက တော့ ကွာ ဒီလိုပဲ လိမ်လည်ပြီးတောင်းတဲ့ သူတွေ က အများကြီးပဲ ကွ
ဒီလို မှ မတောင်းရင် သူတို့ ပုံစံ နဲ့ ပိုက် ဆံ ဘယ်သူမှ မပေးဘူးလေ
ဟာ မိုက် ရိုင်းတယ် ကွာ ငါမှာ တော့ တကယ် လိုအပိတယ် ထင်လို့ ငါရဲ့ ကားခ လက်ကျန်လေးကို သူကို ပေးလိုက်ရတယ်။
ဒီလို လူမျိုးတွေ များလာရင် မကောင်းဘူးကွ
ဘာဖြစ်လို့ လဲ လင်းဦး ရ
ဒီနေ့ နေလယ်က စာတိုက် ကို သွားတော့ စာတိုက် ကောင်တာက လူက ငါကို ပြောတယ်
ဒါမြန်မာပြည်တဲ့ ဘာမှ အလကားမရဘူးတဲ့
ငါတို့ မြန်မာလူမျိုးတွေ က သူတစ်ပါးလူမျိုးတွေ နဲ့ စာ ရင် ပေးကမ်းရက်ရောတက်ကြတယ်
ပေးရင် လည်း အလှူ သဘောမျိုး စိတ်ရင်းနဲ့ ပေးကမ်းတက်ကြတယ်
ဒီလို လိမ်လည် တောင်းနေမယ်ဆိုရင် တကယ် အကူညီလိုအပ်တဲ့ လူတွေရှိရင် ဘယ်လို ကူညီကြမလဲ
ဒီလိုတွေ သာ လိမ်လည် ယူနေကြရင် ကူညီတဲ့ လူတွေ ကလည်း မကူညီချင်ကြတော့ ဘူး
အလှူလုပ်ချင်တဲ့ လူတွေ က လည်း မလှူချင်ကြတော့ ရင် နောက်ဆို ဟိုလူပြောသလိုပဲ
ဒါ မြန်မာပြည့် ကွ ဘာမှ အလကားမရဘူးဆိုတာ ဖြစ်နေမယ်။
မြန်မာပြည့်လောက် ပေးကမ်းစွန့်ကြဲ တဲ့ အပေးအကမ်းရက်ရောတဲ့ စေတနာ သဒ္ဒါတရားရှိတဲ့နိုင်ငံ ကမ္ဘာမှာ မရှိပါဘူးကွာ။
အကူညီတကယ် လိုအပ်ရင် ရွှေမြန်မာတွေ က ကူညီဖို့  ၀န်မလေးတက်ပါဘူး။
လိမ်တာကို တော့ မုန်းတယ်။
အဲဒီအယူဆလေးတွေ ပျောက်သွားမှာ စိုးတယ်။“
ဒါတွေ က လည်း မြန်မာပြည့်ရဲ့ ချစ်စရာ ဓလေ့ လေးတွေ ပါ။
မင်းသျှင်