Friday, May 11, 2012

ရင်မှာရှိတဲ့...သစ်သီး

ကဲ...လမ်းတစ်ဝက်တော့ ရောက်နေပြီ
ပြောဖို့စကားတွေကျန်ခဲ့တယ်
ပြောစရာစကားတွေ ရှိနေသေးတယ်

ဖြစ်သင့်တဲ့ဘဝမှာ ..
မရှိသင့်တဲ့ အတွေးတွေနဲ့ လေညင်းခံတယ်
ရိုးသားခြင်းတွေကို ဆားရေစိမ်
လူကြားသူကြားထဲ ပွဲထုတ်ကြ
ဒီစကားလုံး ဒီမြေမှာပျောက်ဆုံးနေတာ ကြာပြီ
ကြယ်တွေတောင် တိမ်ညိုတွေကြား
အိပ်ငိုက်နေတာကြာပြီ

မိုးပွါးမှုတွေ ထူ၊သိပ်သည်း
အသက်ရူချောင်ဖို့ သူတစ်ပါး
သူတစ်ပါး အသက်ရူသံတွေ
လျစ်လျူရူ့နေကြပြီ...

ငါအခုချိန်ထိ ရိုးသားခြင်းကို
စာလုံးပေါင်းသတ်ပုံ မှန်အောင်ပေါင်းလိုမရသေးဘူး

သောကတွေက......တောင်တန်းတွေလို
မျက်ရည်တွေက......သမုဒွရာတွေလို
ဒုကွတွေက.........မိုးကောင်းကင်လို
လေမှာ..မမျောလွင့်ချင်ပါနဲ့..

ကဲ..ကဲ ဒီတိမ်ညိုမဲတွေ ရွာချလိုက်
ရင်ဘတ်တွေကို ဆေးကြော
အတွေးတွေကို အကောင်းမြင်လွင်ပြင်ဆီပို့

ဒုကွဆိုတဲ့ သစ်သီးတစ်လုံး
ရင်ဘတ်တွေမှာ ကိုယ်စီရှိတယ်
သုခဆိုတဲ့ တခါးလည်းပွင့်လျတ်ပါ

မင်းသျှင်