၆.၆.၉၉..ပေါ့................
အမေဟာ လောကကြီးမှာ မျော်လင့်ခြင်းတွေထားခဲ့ပြီး
ထွက်ခွါသွားခဲ့တာ
အချိန်တွေ ကြွေလာတော့လည်း
သူလိုကိုယ်လိုမျက်ဝန်းတွေက
သတိရတစ်ချက် မရတစ်ချက်နဲ့
တိုက်ဆိုင်မှူ့ရှိလို့ ရှင်သန်လာတဲ့စကားလုံးတွေ
ရာသီချိန်မှာပွင့်တဲ့ ပန်းလေးတွေလို ဝေဝေဆာဆာ...။
“အမေမရှိတဲ့သား...ရေခန်းငါး” တဲ့
နေပူပူမှာ အပူဒဏ်တွေကို
စာအုပ်ထူထူတွေနဲ့ ကာကွယ်ခဲ့တဲ့နေ့ရက်တွေ
ဟော့ဒီ့ ကဗျာတွေမှာလည်း အမေ့အကြောင်းတွေပါပဲ
လူတွေဟာ သူလိုကိုယ်လိုလမင်းကို ရှာကြံစိုက်ပိုးနေကြတာပဲ
သတိရခြင်းစုဘူးနဲတင် ဆနွတစ်စုံတစ်ရာကိုဝယ်လိုရရင်
အိပ်မက်တွေ လှနေအုံးမှာပါ။
အခုတော့လေ...ပဲ့ကြွေကျမယ့် လမင်းကိုမျှော်ရင်း
သူလိုကိုယ်လိုလောကကြီးမှာလေ...
အမေ့လွမ်းတဲ့စိတ်က.....သားကိုယ်သား အသိဆုံးပါ....အမေရယ်............
မင်းသျှင်
စာလုံးပေါင်သတ်ပုံတွေဂ၇ုစိုက်ပါခင်ဗျာ[ခမ်း]
ReplyDelete